Posted by: Mandalar.Net on: October 25, 2009
အခုတစ်လော အလုပ်တွေများနေလို့ Post အသစ်တွေတောင် မတင်နိုင်တာ အတော်ကြာသွားတယ်။ တစ်နေ့ကတော့ Post အသစ်တင်ဖို့ ကိစ္စလေးတစ်ခုဖြစ်လာတယ် Software အသစ်တွေများထွက်သလားလို့ Active Media ကိုသွားကြည့်တော့ အကိုကြီးတစ်ယောက်နဲ့ စကားလက်ဆုံကျရာကနေ အဲ့ဒီအကိုကြီးက FLV file တွေကို Windows Media Player ထဲမှာ လူတစ်ချို့ဖွင့်ကြည့်နေတယ်လို့ပြောတယ်။ အဲ့ဒါနဲ့ ဘယ်လိုဖွင့်ရင်ရမလဲလို့ Online ပေါ်တက်ရှာလိုက်တော့ သွားတွေ့တယ်ဗျာ
တစ်ခုခုတွေ့ရင် အငြိမ်မနေတတ်တယ့် မူကြောင့် ဒီ Post လေးကိုတင်ပေးလိုက်တာပါ။ မသိသေးတယ့်လူတွေအတွက်ပါ။
PlayFLV ကို Download လုပ်ပြီး Install လုပ်လိုက်ယုံပါပဲ။ Install လုပ်တယ့် တစ်ချိန်တော့ Computer က Internet Connection ရှိမှတော့ ရပါလိမ့်မယ်။
Posted by: Mandalar.Net on: October 10, 2009
သူငယ်ချင်းတစ်ယောက်က English-Myanmar Dictionary တစ်ခုလောက်လိုချင်တယ်ဆိုလို့ ကျွန်တော့မှာရှိတယ့် Babylon Dictionary ကိုတင်ပေးလိုက်ပါတယ် ဒီ Dactionary လေးက အသုံးပြုရတယ့်နေရာမှာ တော်တော်လေးကောင်းမွန်တာကို တွေ့ရပါတယ်။ Babylon ကို မြန်မာလိုအသုံးပြုလို့ရအောင် ဆောင်ရွက်ပေးထားတယ့် ပဒုမ္မာ ကိုလဲကျေးဇူးတင်ပါတယ်။
အပြည့်အစုံသိချင်ရင်တော့ Babylon Dictionary Official Site ကို သွားကြည့်လို့ရပါတယ်။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ ဒီနေရာကနေ Download လုပ်ပါ။
………………………………………………………………………………………………………………………………
Download ဆွဲပြီးရင်တော့ရလာတယ့် Babylon Pro V.7.0.3.8.rar file ကိုဖြန့်ချလိုက်ပါ။ RAR file ထဲမှာ Setup.exe, Patch 7.0.3.8.exe, padonma-english-myanmar.bgl ရယ်ဆိုရယ်ဆိုပြီး file တွေကိုတွေ့ရပါလိမ့်မယ်။
ှု
ပထမဦးစွာ Setup.exe ကို double-click လုပ်ပြီး Babylon Dictionary Install လုပ်ငန်းစဉ်ကိုစပါမယ်။ ခဏစောင့်လိုက်တယ့်အခါ အောက်ဖော်ပြပါပုံအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်

I want to try to Babylon ကိုရွေးပြီး Next ကို Click နှိပ်ပါ။

Yes ကို Click နှိပ်ပါ။

Quick installation (recommended) ကိုရွေးပြီး Install ကို Click နှိပ်ပါ။ Babylon Dictionary Installation လုပ်နေတာကိုမြင်ရပါလိမ့်မယ်။

Babylon Dictionary Installation လုပ်ပြီးကြောင်း ကိုအောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။

To stay update with Babylon’s latest dictionaries, encylopedias and news, please enter your email: နဲ့ Launch Babylon now ကိုဖြုတ်ပြီး Finish ကို Click နှိပ်ပါ။
အခုဆိုရင် သူငယ်ချင်းရဲ့စက်ထဲကို Babylon Dictionary ကို Installation လုပ်လို့ပြီးသွားပါပြီ။ ဒါပေမယ့် ဒီအတိုင်းအသုံးပြုမယ်ဆိုရင်တော့ trial version အနေနဲ့ပဲအသုံးပြုလို့ရအုံးမှာပါ အဲ့ဒါကို full version အနေနဲ့အသုံးပြုချင်ရင်တော့ Patch 7.0.3.8.exe file ကို Copy ကူးပြီး C:\Program Files\Babylon\Babylon-Pro folder ထဲမှာ Paste လုပ်ပြီး double-click လုပ်လိုက်ရင် အောက်ကပုံအတိုင်းမြင်ရမှာဖြစ်ပါတယ်။ (အဲ့ဒီအချိန်မှာ Babylon ကိုတော့ဖွင့်ထားလို့မရပါဘူး)

Path ကို Click နှိပ်လိုက်ပါ ပုံမှာပါတယ့်အတိုင်း *PATCHING DONE* ဆိုတယ့်စာသားပေါ်လာရင်တော့ full version အနေနဲ့အသုံးပြုလို့ရပါပြီ။
ပဒုမ္မာ English-Myanmar Dictionary Install လုပ်ဖို့အတွက် padonma-english-myanmar.bgl file ကို double-click နှိပ်လိုက်ယုံပါပဲ။ Install လုပ်လို့ပြီးသွားရင်တော့ Babylon ထဲမှာ ပဒုမ္မာ Dictionary ကိုအသုံးပြုလို့ရသွားပါပြီ။
Babylon ထဲမှာ မြန်မာစာစာလုံးတွေ မမြင်ရရင်တော့ Zawgyi-One ကို Install လုပ်ပေးရပါမယ်။ Zawgyi-One font installer လိုချင်ရင်တော့ ဒီနေရာမှာ Download လုပ်ယူလို့ရပါတယ်။
Posted by: Mandalar.Net on: October 2, 2009
Driver နဲ့ပတ်သက်တယ့်အခက်အခဲတွေ ပြေလည်စေဖို့အတွက် Driver Checker ဆိုတယ့် Software လေးတစ်ခုကို Shared လုပ်လိုက်ပါတယ်။

Driver Checker Software ကတော့ Install လုပ်စရာမလိုတယ့် Portable Software အမျိုးအစားပါ။ ဒါကြောင့် Double-Click နှိပ်ပြီး တိုက်ရိုက်အသုံးပြုလို့ရပါတယ်။ Driver Checker မှာအသုံးပြုလို့ရတယ့် အချက်တွေကတော့ မိမိ Computer ရဲ့လက်ရှိ Driver တွေကို Update ပြုလုပ်နိုင်ခြင်း၊ Uninstall ပြုလုပ်နိုင်ခြင်း၊ Backup ပြုလုပ်နိုင်ခြင်း၊ Backup ပြုလုပ်ထားတယ့် Driver တွေကို Restore ပြန်လုပ်နိုင်ခြင်း တို့ကိုပြုလုပ်နိုင်ပါတယ်။
အပြည့်အစုံသိချင်ရင်တော့ Driver Checker Official Site ကို သွားကြည့်လို့ရပါတယ်။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ ဒီနေရာကနေ Download လုပ်ပါ။
Posted by: Mandalar.Net on: October 1, 2009
CCProxy ဆိုတယ့် Proxy Software တစ်ခုကိုဝေမျှလိုက်ပါတယ်။ CCProxy ကို Internet Connection Sharing လုပ်တယ့်နေရာမှာ အသုံးပြုလို့ရတယ့် Third Party Proxy Software တစ်ခုဖြစ်ပါတယ်။ CCProxy Software ဟာ အသုံးပြုရာမှာ အလွန်လွယ်ကူတယ့် Software တစ်ခုဖြစ်ပါတယ်။ CCProxy ကို HTTP, mail, FTP, SOCKS, news and telnet Proxy server အနေနဲ့အသုံးပြုနိုင်ပါတယ်။

CCProxy ကိုအသုံးပြုပြီးတော့ account management, Internet access control, bandwidth control, Internet web filtering, content filtering နဲ့ time control စတာတွေကိုအသုံးပြုလို့ရပါတယ်။ CCProxy အနေနဲ့ web caching, online access monitoring, access logging နဲ့ bandwidth usage စတာတွေကိုလဲ အသုံးပြုလို့ရပါတယ်။
အပြည့်အစုံသိချင်ရင်တော့ CCProxy Official Site ကို သွားကြည့်လို့ရပါတယ်။
အသုံးပြုချင်ရင်တော့ ဒီနေရာက Download လုပ်ယူပါ။
Posted by: Mandalar.Net on: September 30, 2009
WinRAR Installer ကို မနေ့က တင်ပေးလိုက်ပြီးတော့ မှစဉ်းစားမိတာတစ်ခုက Internet ကနေ Download ဆွဲနေရတယ့် WinRAR file တွေမှာ Passworad တွေပါလာတတ်တာပါပဲ။ အဲ့ဒီ Passwoard တွေဖြည်လို့မရတာနဲ့ပဲ Download လုပ်ထားတယ့် WinRAR file တွေကို ဖျက်လိုက်ရတာမျိုးတွေ၊ အသုံးပြုလို့မရဘဲ ဒီအတိုင်းထားလိုက်ရတာတွေ ရှိနေနိုင်တယ်ဆိုတာပါပဲ။ ဒါနဲ့ Internet ထဲမှာရှာလိုက်တော့ RAR Password Unlocker ဆိုတယ့် Software တစ်ခုကို သွားတွေ့တယ် ဒါနဲ့ တစ်ခြားသူတွေပါ သုံးလို့ရအောင်ဆိုပြီး Shared လိုက်ပါတယ်။

RAR Password Unlocker ကအောက်ပါ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးပါတယ်။
Recover long passwords
Support all versions of WinRAR/RAR archives
Easy to use with less than a minute to get familiar with the program
Powerful with three attack modes
Allowed to offer password clues to the program to reduce the calculation, time-saving
Customizable for users can define a dictionary for the program to base on
Allowed to set the computer CPU priority
Auto-save the project every after a period of time
Support to resume the processing project if the process is accidentally stopped last time
Allowed to shutdown computer after the processing finishes
အပြည့်အစုံသိချင်ရင်တော့ RAR Password Unlocker Official Site ကို သွားကြည့်လို့ရပါတယ်။
အသုံးပြုချင်ရင်တော့ ဒီနေရာက Download လုပ်ယူပါ။
Recover long passwords
Support all versions of WinRAR/RAR archives
Easy to use with less than a minute to get familiar with the program
Powerful with three attack modes
Allowed to offer password clues to the program to reduce the calculation, time-saving
Customizable for users can define a dictionary for the program to base on
Allowed to set the computer CPU priority
Auto-save the project every after a period of time
Support to resume the processing project if the process is accidentally stopped last time
Allowed to shutdown computer after the processing finishes
Posted by: Mandalar.Net on: September 29, 2009
Pendrive တွေကို Windows Exploer ထဲမှာဖွင့်လိုက်ရင် ကိုယ့်ချစ်သူ ဓါတ်ပုံဒါမှမဟုတ် ကိုယ်ကြိုက်တယ့် ပုံတစ်ပုံကို Bagkground အနေနဲ့မြင်ချင်တယ်ဆိုရင်တော့ ဒီနေရာက Download လုပ်ယူလို့ရပါတယ်။
………………………………………………………………………………………………………………………………
Download ဆွဲပြီးရင်တော့ရလာတယ့် Pen Drive Background.rar ဆိုတယ့် file ကို ကိုယ် Background ထည့်လိုတယ့် Pendrive ထဲမှာ Extract လုပ်လိုက်ပါ။ အဲ့ဒီအခါ desktop.ini နဲ့ Sample အနေနဲ့ထည့်ပေးလိုက်တယ့် Background.jpg file ၂ခုထွက်လာပါလိမ့်မယ်။ အဲ့ဒီပုံကို မကြိုက်လို့ပြင်ချင်တယ်ဆိုရင် Background အနေနဲ့အသုံးပြုချင်တယ့် photo file ကို Pendrive ထဲကို Copy ကူးထည့်ပါ ပြီးရင် desktop.ini file ကို Double-Click နှိပ်ပြီး ဖွင့်လိုက်ပါ desktop.ini file က notepad ကိုအသုံးပြုပြီးပွင့်လာပါလိမ့်မယ် အဲ့ဒီထဲက မှ IconArea_Image=”Background.jpg” ဆိုတယ့်စာကြောင်းကိုတွေ့အောင်ရှာပြီး Background.jpg ဆိုတယ့်နေရာမှာ ကို copy ကူးထည့်ထားတယ့် Photo file name ကို ပြောင်းလိုက်ပါ။ ပြီးရင် File menu ထဲကနေ Save ကိုနှိပ်ပြီး desktop.ini file ကိုသိမ်းပြီးပိတ်လိုက်ပါ။
ပြီးရင်တော့ Pendrive Area ထဲမှာ Refresh လုပ်လိုက်ပါ ကိုယ်ပြောင်းထားတယ့် ပုံကို Background အနေနဲ့တွေ့ရပါလိမ့်မယ်။
Posted by: Mandalar.Net on: September 29, 2009
အရင် တစ်ခေါက်က ကျွန်တော်တို့ နိုင်ငံရဲ့ ISP တွေပိတ်ထားတယ့် Website တွေကို ကြည့်လို့ရအောင် Your Freedom အကြောင်းကို တင်ပြခဲ့ပါတယ်။ ဒီ Software ကို အသုံးပြုပြီး Website တွေကို အသုံးပြုတယ့်နေရာမှာ Web browsing speed ကတော်တော်ကြီးကို နှေးနေတာကို သတိထားမိတယ် Your Freedom ကပေးတယ့် Bandwidth ကိုကြည့်လိုက်တော့လဲ 128 Kb/s ပေးထားကိုတွေ့ရတယ် ဒီ Bandwidth ကိုအပြည့်သုံးလို့ရမယ်ဆိုရင် ကျွန်တော်တို့ Web browsing speed တက်လာမယ်လို့တွေးမိတယ်။ ဒါနဲ့ Internet ပေါ်တက်ရှာကြည့်လိုက်တော့ Squid Proxy ဆိုတာကိုသွားတွေ့တယ် ဒါနဲ့ စမ်းသုံးကြည့်လိုက်တော့ Browsing speed တော်တော်တက်လာတာကိုတွေ့ရတယ် ဒါနဲ့ အားလုံးအသုံးပြုလို့ရအောင် ဖြန့်ဝေလိုက်ပါတယ်။
Squid ကို ဒီနေရာက Download လုပ်ယူလို့ရပါတယ်။
……………………………………………………………………………………………………………………………… Download လုပ်ပြီးရင်တော့ Squid ကို Install လုပ်ရပါမယ်။ Install လုပ်နည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
Download လုပ်ယူထားတယ့် Squid.rar File ကို C: အောက်မှာ Extract လုပ်လိုက်ရင် Squid Folder, Install.bat and Uninstall.bat ရယ်ဆိုပြီးပေါ်လာပါလိမ့်မယ်။ Squid Folder ကတော့ အဓိက လုပ်ငန်းလုပ်တယ့် file တွေပါဝင်တယ့် Folder ပါ။ Install.bat ကတော့ Squid ကို Install လုပ်ရာမှာ အသုံးပြုပါတယ်။ Uninstall.bat ကတော့ Squid ကို အသုံးမပြုလိုတော့တယ့် အခါမှာ Squid ကို Uninstall လုပ်ရာမှာ အသုံးပြုပါတယ်။
Install.bat ကို Double-Click နှိပ်ပြီး Squid ကို Install လုပ်လိုက်ပါ။ Squid ကို Install လုပ်လို့ပြီးသွားရင် Services Windows ပွင့်လာပါလိမ့်မယ်

Services Windows ထဲကနေပြီးတော့ Squid service ကိုရွေးပြီး Start Service ကို Click လုပ်လိုက်ပါ။ ပြီးရင်တော့ Your Freedom ကိုဖွင့်ပြီး Connection အရင်ချိတ်လိုက်ပါ။ Your Freedom ပွင့်သွားပြီဆိုရင်တော့ မိမိအသုံးပြုလိုတယ့် Internet Browser ထဲက Proxy Address နေရာမှာ Localhost နဲ့ Port နေရာမှာ 9090 ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။
အသုံးပြုမည့် Web Browser က Internet Explorer ဖြစ်လျှင် Tools Menu တွင် Click နှိပ်၍ Internet Option ကိုရွေးပါ။ Internet Option Dialog Box အတွင်းရှိ Connection Tab ကို Click တစ်ချက်နှိပ်ပါ။

Connection Tab အောက်ဘက်ရှိ LAN settings button ကို Click နှိပ်ပါ။

Local Area Network (LAN) Settings box ထဲရှိ Use Proxy Server for your LAN (These settings will not apply to dial-up or VPN connection) ကိုရွေးပြီး Address box ထဲတွင် localhost နှင့် Port box ထဲတွင် 9090 ကိုဖြည့်ပြီး OK တွင် Click နှိပ်ပါ။

Internet Option Dialogbox တွင်လဲ OK ကို Click နှိပ်ပါ။
ပြီးလျှင်တော့ အသုံးပြုလိုတယ့် ဘယ် Website ကိုမဆို အတားအဆီးမရှိလျှင်လျှင်မြန်မြန် အသုံးပြုလို့ရပါပြီ။
Posted by: Mandalar.Net on: September 29, 2009
ရတနာပုံ F.C အသင်းကိုအားပေးနေတယ့်သူတွေအတွက် ရတနာပုံအသင်းရဲ့ Logo နဲ့ သီချင်းကို တင်ပေးလိုက်ပါတယ်။
၁.၁၀.၂၀၀၉ ဆိုရင် မန္တလေးမြို့ က ဗထူးကွင်းထဲမှာ Yadanarbon F.C နဲ့ Yangon United တော့ ထိတ်တိုက် တွေ့ကျပြီပေါ့ဗျာ။
သေချာနေတာတစ်ခုကတော့ ဘယ်လိုအဖြေပဲထွက်လာလာ ကျွန်တော်တို့ မန္တလာသားတွေကတော့ Yadanarbon F.C ကို အားပေးနေကျမှာပါပဲ။
ကျွန်တော်တို့ မန္တလေးသားတွေကို Media တွေက Yadanarbon F.C ကိုအားပေးတယ့်နေရာမှာ Pro အဆင့်ကိုမှီဖို့လိုသေးတယ်လို့ ရေးကျတယ်ဗျ။ ကျွန်တော်က ပြန်မေးချင်တယ် ဘယ်လိုအားပေးမှုမျိုးကို Pro အဆင့်အားပေးမှုမျိုးလို့ခေါ်သလဲဆိုတာ။ Yadanarbon F.C Vs. Delta United ပွဲမှာ ကျွန်တော်တို့ Yadanarbon ကရသင့်တယ့် ဂိုးမရလို့ တစ်နည်းအားဖြင့် ဒိုင်ဘက်လိုက်ပြီး အညစ်ခံရလို့ မခံမရပ်နိုင်ဖြစ်တာကို Media တွေက လက်ညှိုးထိုးကျတယ် ထားလိုက်ပါတော့ Pro အဆင့်မမှီဘူးပဲ ဘယ်အသင်း ပရိတ်သတ်ကများ Pro အဆင့်မှီလဲ ပြောပြကျပါဗျာ။Yadanarbon F.C က Delta United ကိုရှုံးပြီး နောက် Yangon United Vs. Kanbawza F.C ပွဲမှာ ရန်ကုန်ပရိတ်သတ်တွေရဲ့ တစ်ဘက်အသင်းကို အသားလွတ်ဆဲရေးတိုင်းထွာနေတယ့်အားပေးမှုနဲ့ ယှဉ်ကြည့်ရင် ကျွန်တော်တို့ မန္တလေးသားတွေက အများကြီး ယဉ်ကျေးနေတယ်ဆိုတာ အသိတာကြီးပါ။ အဲ့ဒါတွေကိုကျတော့ Media တွေက ဘာလို့ မရေးကျတာလဲ?????????
Media တွေမဖြေရဲရင် ဖြေပေးမယ် သူတို့က ရန်ကုန်မြို့မှာနေနေလို့ပဲ။
Posted by: Mandalar.Net on: September 29, 2009
ကျွန်တော့ဆီကို Mail တစ်စောင်ရောက်လာတယ်ဗျ တင်ထားတယ့် File တွေကို Download လုပ်ပြီး ဖွင့်ဖို့ WinRAR Software လိုနေတယ် ဘယ်နေရာကနေ Download လုပ်ရမလဲတယ့်၊ ဒါနဲ့ ရှိနေတယ့် WinRAR Installer ကို ifile.it ပေါ် အမြန်တင်ပြီး ဒီ Post ကိုရေးလိုက်ရတာပါ။

WinRAR ဆိုတာကတော့ အထူးပြောနေစရာမလိုတယ့် Software တစ်ခုပါ။ WinRAR ကို File Size ချုံ့တယ့်နေရာမှာအများဆုံးအသုံးပြုပါတယ်။
အပြည့်အစုံသိချင်ရင်တော့ WinRAR Official Site ကို သွားကြည့်လို့ရပါတယ်။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ ဒီနေရာကနေ Download လုပ်ပါ။
Posted by: Mandalar.Net on: September 28, 2009
Internet အသုံးပြုနေသူအများစုသိပြီးသားဖြစ်တယ့် Your-Freedom Software ကို ဝေမျှချင်ပါတယ်။ ဒီနောက်ပိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ ရှိတယ့် ISP တွေက Website တစ်ခုပြီး တစ်ခုကို Access has been Denied လုပ်နေကျတာတော်တော်ကို စိတ်မချမ်းသာဘူးဗျာ။ ဒါကြောင့်မို့ မသိသေးတယ့်သူတွေ သိရှိနိုင်အောင် လို့ Your Freedom ကိုဝေမျှလိုက်တာပါ။ သိပြီးသူများ သီးခံပါရန် ကြိုတင် မေတ္တာရပ်ခံအပ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ Your Freedom ကိုသုံးမယ်ဆိုရင် မရှိမဖြစ်လိုအပ်ချက် ၂ မျိုးရှိပါတယ် တစ်မျိုးကတော့ Your Freedom Installer ဖြစ်ပြီးတော့ နောက်တစ်မျိုးကတော့ Your Freedom Account ပါပဲ။ Your Freedom Installer ကိုတော့ အလွယ်တစ်ကူ Download လုပ်လို့ရအောင် ifile.it မှာတင်ပေးထားပါတယ်။ Your Freedom Account မရှိသေးသူများအနေနဲ့ ကျွန်တော့ E-Mail ဖြစ်တယ့် Mandalar.Net@gmail.com ကို Mail ပို့ပြီး Account အသစ်ဖွဲ့ပေးဖို့တောင်းဆိုနိုင်ပါတယ်။
အပြည့်အစုံသိချင်ရင်တော့ Your Freedom Official Site ကို သွားကြည့်လို့ရပါတယ်။
Your Freedom Install ကို ဒီနေရာက Download လုပ်ယူလို့ရပါတယ်။
……………………………………………………………………………………………………………………………… .Download လုပ်ပြီးရင်တော့ Your Freedom ကို Install လုပ်ရပါမယ်။ Install လုပ်နည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

Next ကို Click လုပ်ပါ။

အခုလက်ရှိ Computer မှာ အသုံးပြုထားတယ့် User Accounts အားလုံးမှာ Your Freedom Software ကိုပေးသုံးချင်ရင်တော့ Anyone who uses this computer ကိုရွေးပြီး Next ကို Click လုပ်ပါ။
အခုလက်ရှိ အသုံးပြုနေတယ့် User Account တစ်ခုထဲပဲ Your Freedom Software ကိုအသုံးပြုချင်ရင်တော့ Current user only ကိုရွေးပြီး Next ကို Click လုပ်ပါ။

Your Freedom Install လုပ်မယ့် လမ်းကြောင်းကို ဖေါ်ပြထားတာပါ Default Path ကတော့ C:\Program Files\Your Freedom Folder ထဲကို Install လုပ်မှာဖြစ်ပါတယ်။ တစ်ကယ်လို့ တစ်ခြားတစ်နေရာမှာ Install လုပ်စေချင်ရင် Browse ကိုရွေးပြီး ကို Install လုပ်ချင်တယ့် နေရာကို ရွေးပေးလို့ရပါတယ်။ ပြီးရင်တော့ Next ကို Click လုပ်ပါ။

Start Menu ထဲက Programs အောက်မှာ Your Freedom ဆိုတယ့် Folder ကို ထည့်သွင်းချင်ရင်တော့ Next ကို Click လုပ်ပါ။
တစ်ကယ်လို့ Your Freedom ကို တစ်ခြားအမည် နဲ့ထည့်သွင်းချင်တယ် ဆိုရင်လဲ ကိုလိုချင်တယ့် အမည်ကို Your Freedom ဆိုတယ့် စာသားနေရာမှာ ရိုက်ထည့်လို့ရပါတယ် ပြီးရင်တော့ Next ကို Click လုပ်ပါ။

Your Freedom ကို Install လုပ်လို့ပြီးသွားတယ့်အခါ။ Your Freedom Program ရဲ့ Shortcut ကို Desktop ပေါ်စေချင်ရင်တော့ Desktop ရှေ့က လေးထောင့် Box ထဲမှာ အမှန်ခြစ်ရှိအောင်ရွေးပေးရမယ်။ တစ်ကယ်လို့ Desktop ပေါ်မှာ Your Freedom Program ရဲ့ Shortcut ကိုမပေါ်စေချင်ဘူးဆိုရင်တော့ Desktop ရှေ့က လေးထောင့် Box ထဲမှာ အမှန်ခြစ်မရှိအောင် ရွေးပေးရပါမယ်။ ပြီးရင်တော့ Next ကို Click လုပ်ပါ။

Next ကို Click လုပ်ပါ။

Your Freedom Installation လုပ်နေခြင်းဖြစ်ပါသည်။

Your Freedom Install လုပ်၍ပြီးသွားကြောင်း Message ပြခြင်းဖြစ်၍ Finish ကို Click လုပ်ပါ။
Start Your Freedom ကိုရွေးပြီး Finish လုပ်လိုက်တယ့်အတွက် Language Windows တစ်ခုပေါ်လာပါမယ် အဲ့ဒီ Language Windows ထဲကနေပြီး ကိုယ်ကြိုက်တယ့် Language ကို Click နှိပ် ရွေးချယ်လို့ရပါတယ်။ အဲ့လိုရွေးချယ်လိုက်ရင်တော့ Your Freedom ရဲ့ Configuration Wizard ပေါ်လာပါလိမ့်မယ် Cancel ကို Click လုပ်ပြီး ထွက်လိုက်ပါ အဲ့ဒီအခါ Your Freedom Main Windows ပေါ်လာပါလိမ့်မယ်။

Your Freedom Main Windows ထဲက Configuration button ကိုနှိပ်၍ Your Freedom – Configuration ကိုရွေးပါ။

Address Box ထဲတွင် ems.your-freedom.de ကိုရိုက်ထည့်ပါ။ Connection mode တွင် https ကိုရွေးပါ။ Options Group အောက်ဘက်ရှိ Options များကို မိမိကြိုက်နှစ်သက်သလိုရွေးချယ်အသုံးပြုနိုင်ပါသည်။ အားလုံးကို ရွေးပြီးသုံးရင်လဲ ရပါတယ်။ ပြီးရင်တော့ Account Information Tab ကို Click နှိပ်၍ရွေးချယ်ပါ။

မိမိ၏ Your Freedom User name နှင့် Password ကိုရိုက်ထည့်ပါ။ Language ကိုရွေးရန်လိုအပ်ပါက Language List Box ညာဘက်ရှိ Down Arrow ကိုနှိပ်၍ မိမိလိုချင်သော Language ကိုပြန်လည်ရွေးချယ်နိုင်ပါသည်။ ပြီးလျှင် Save and Exit ကို Click နှိပ်ပါ။

Your Freedom Main Windows အတွင်းရှိ Start Connection button ကို Click နှိပ်၍ Your Freedom Server နှင့်ချိတ်ဆက်ပါ။ ပြီးလျှင် Your Freedom Main Windows အတွင်းရှိ Ports Tab ကိုရွေးချယ်ပါ။

Port Tab အတွင်းရှိ Socket 4/5 နှင့် Web Proxyကိုရွေးချယ်ပါ။ ပြီးလျှင် Your Freedom နှင့်ချိတ်ဆက်သုံးလိုသော Web Browser ကိုဖွင့်ပါ။
အသုံးပြုမည့် Web Browser က Internet Explorer ဖြစ်လျှင် Tools Menu တွင် Click နှိပ်၍ Internet Option ကိုရွေးပါ။ Internet Option Dialog Box အတွင်းရှိ Connection Tab ကို Click တစ်ချက်နှိပ်ပါ။

Connection Tab အောက်ဘက်ရှိ LAN settings button ကို Click နှိပ်ပါ။

Local Area Network (LAN) Settings box ထဲရှိ Use Proxy Server for your LAN (These settings will not apply to dial-up or VPN connection) ကိုရွေးပြီး Address box ထဲတွင် localhost နှင့် Port box ထဲတွင် 8080 ကိုဖြည့်ပြီး OK တွင် Click နှိပ်ပါ။

Internet Option Dialogbox တွင်လဲ OK ကို Click နှိပ်ပါ။
ပြီးလျှင်တော့ အသုံးပြုလိုတယ့် ဘယ် Website ကိုမဆို အစီးအတားတွေမရှိပဲ အသုံးပြုလို့ရပါပြီ။
Posted by: Mandalar.Net on: September 27, 2009
Network နဲ့ဆိုင်တယ့် Software တစ်ခုကို ဝေမျှချင်ပါတယ်။ တစ်ခါတုန်းက ကျွန်တော့ရုံးမှာ ရှိတယ့် Computer တစ်လုံး က နေပြီးတော့ Network Services တွေဖြစ်တယ့် File တွေ Share ပေးတာ/ယူသုံးတာ၊ Printer တွေကို Share ပေးတာ/ယူသုံးတာ၊ Internet အသုံးပြုတာတွေကို သုံးလို့ ရနေပြီးတော့ အဲ့ဒီ Computer မှာ E-Mail ဆွဲချတော့မှ Error လာပြနေတာမျိုးဖြစ်တယ် စဉ်းစားကြည့်တော့ E-Mail Services ဆိုတာက TCP/IP Protocol ထဲ က Socket (Port) နံပါတ် 110 နဲ့ 25 ကိုယူသုံးထားတာ ကိုသွား သတိရတယ်။
အဲ့ဒီ Ports ၂ ခု ကိုဘယ်လို Reset လုပ်ဖို့ ကြိုးစားကြည့်လိုက်တာ တစ်ရက်မဟုတ်ပဲ နှစ်ရက်လောက် အချိန်ကုန်သွားတယ် ဘယ်လိုမှလုပ်လို့ မရတော့ တယ့် အဆုံး Computer ကို Format ချဖို့ စိတ်ကူးလိုက်တယ်။ သေချာစဉ်းစားကြည့်တော့ Format ချရတာ မတန်ဘူးလို့ တွေးမိတယ်။ ဒါနဲ့ Internet ပေါ်တက်ပြီး ရှာလိုက်တာ TCP/IP ရဲ့ Ports တွေကို Reset ချလို့ ရတယ့် Software တစ်ခု သွားတွေ့တယ် ဒါနဲ့ စမ်းကြည့်လိုက်တော့ OK သွားတယ်ဗျ။
ဒါကြောင့်မို့ သူငယ်ချင်းတို့ မှာ အဲ့လိုအခက်အခဲများ ဖြစ်ခဲ့ရင် ဦးနှောက်မခြောက်ရအောင် XP TCP/IP Repair ဆိုတယ့် Software လေးကို ဝေမျှလိုက်ပါတယ်။

Software ကိုအသုံးပြုမယ်ဆိုရင်တော့ Windows XP Services Pack 2 တော့ အနည်းဆုံးလိုတယ်။ TCP/IP Protocol တစ်ခုလုံးကို ReInstall လုပ်ချင်တယ်ဆိုရင်တော့ Reset TCP/IP ကိုနှိပ်လိုက်ပါ၊ ဒါမှမဟုတ်ပဲ TCP/IP တွေရဲ့ Socket တွေကိုပဲ Reset လုပ်ချင်တယ်ဆိုရင်တော့ Repair Winsock ကိုနှိပ်လိုက်ပါ၊ ပြီးရင်တော့ ဒီ Software ကို Close Button ကိုနှိပ်ပြီး ပိတ်လိုက်ပါ။ အဲ့ဒီအခါမှာ Computer ကို Restart လုပ်ဖို့ လိုတယ့် အကြောင်း Message ပြပါလိမ့်မယ် Yest ကို Click နှိပ်ပြီး Computer ကို Restart ချလိုက်တာနဲ့ TCP/IP နဲ့ ပါတ်သက်တယ့် ဘာ Error မှ မရှိတော့တာ ကိုတွေ့ရပါလိမ့်မယ်။
အပြည့်အစုံသိချင်ရင်တော့ XP TCP/IP Repair Official Site ကို သွားကြည့်လို့ရပါတယ်။
အသုံးပြုချင်ရင်တော့ ဒီနေရာက Download လုပ်ယူပါ။
Posted by: Mandalar.Net on: September 27, 2009
Local Area Network ထဲမှာ Chatting Software သုံးချင်သူတွေအတွက် PopMessenger Software ကို မျှဝေလိုက်ပါတယ်။ PopMessenger ကိုအသုံးပြုတယ့် နေရာမှာ Network အတွင်းမှာ Public chat အနေနဲ့ရော Private chat အနေနဲ့ပါသုံးလို့ ရပါတယ်။ ပြီးတော့ Broadcast Message feature ပါဝင်တယ့် အတွက် Messenger ထဲမှာ ရှိနေတယ့် လူအားလုံးကို တစ်ချိန်ထဲ တစ်ပြိုင်ထဲမှာ ကိုပေးချင်တယ့် Message ကိုပေးလို့ရပါတယ် တစ်ပြိုင်ထဲပေးလို့ရပါတယ်။

PopMessenger က LAN Chat room ထဲမှာကို တစ်ယောက်ကိုတစ်ယောက်ပို့တယ့် Message ကိုတောင် Encrypt လုပ်ပြီးမှပို့လို့ ကိုယ် Chat နေတာကို သူများ ခိုးကြည့်လို့ မရတော့ဘူးပေါ့။ ပြီးတော့ Offline Message လဲပို့လို့ ရတယ်ဗျ။ တစ်ယောက်ကနေ တစ်ယောက်ကိုလဲ Files တွေ Transfer လုပ်လို့ရတယ်။ ကိုယ် Chat ထားတယ့် Message History တွေကို သိမ်းထားချင်လဲ ရသေးတယ်ဗျာ။ ပြီးတော့ Message ၀င်လာတယ့်အခါ၊ စာရိုက်နေတယ့် အခါ၊ Message ပို့လိုက်တယ့်အခါ၊ Chat room ထဲကို User အသစ် Login ၀င်လာတယ့် အခါ တွေမှာ လဲ Alert ကိုယ်ကြိုက်တယ့် အသံကို ရွေးထားလို့ရတယ်။
PopMessenger ရဲ့ အထူးခြားဆုံး နောက်အချက်တစ်ခု ကတော့ UDP နဲ့ TCP ကို ကြိုက်တယ့် Port ကိုအသုံးပြု လို့ရတာပဲဖြစ်ပါတယ်။ PopMessenger က Windows Vista ကိုလဲ Support လုပ်တယ် ဗျ။ Message တစ်ခါပို့ရင် 23000 Charters နဲ့ File တစ်ခါ Transfer လုပ်ရင် 4GB အထိပဲရပါတယ်။
အပြည့်အစုံသိချင်ရင်တော့ PopMessenger Official Site ကို သွားကြည့်လို့ရပါတယ်။
အသုံးပြုချင်ရင်တော့ ဒီနေရာက Download လုပ်ယူပါ။
Posted by: Mandalar.Net on: September 27, 2009
Allway Sync Software ကတော့ File တွေကို Backup ပြုလုပ်ရာမှာ အသုံးပြုနိုင်တယ့် Software လေးပါ။ သူ့မှာပါတယ့် Feature တွေကတော့တော်တော်များတယ်။ Sync လုပ်ပေးနိုင်တယ့်နေရာတွေကတော့ Windows Folder, Removal drive, Network folder, FTP Server, Amazon S3, OffsiteBox.com, WebDAV folder နဲ့ MS ActiveSync Folder.

Allway Sync ကိုသုံးပြီး Sync လုပ်တယ့်အခါမှာ Manual ပြုလုပ်လို့ရသလို Schedule ဒါမှမဟုတ် Auto လဲ ပြုလုပ်လို့ရပါတယ်။ Allway Sync ကတော့ Windows XP, Windows Vista ကို Support လုပ်ပါတယ်။
အပြည့်အစုံသိချင်ရင်တော့ Allway Sync Official Site ကို သွားကြည့်လို့ရပါတယ်။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ ဒီနေရာကနေ Download လုပ်ပါ။