Posted by: Mandalar.Net on: October 25, 2009
အခုတစ်လော အလုပ်တွေများနေလို့ Post အသစ်တွေတောင် မတင်နိုင်တာ အတော်ကြာသွားတယ်။ တစ်နေ့ကတော့ Post အသစ်တင်ဖို့ ကိစ္စလေးတစ်ခုဖြစ်လာတယ် Software အသစ်တွေများထွက်သလားလို့ Active Media ကိုသွားကြည့်တော့ အကိုကြီးတစ်ယောက်နဲ့ စကားလက်ဆုံကျရာကနေ အဲ့ဒီအကိုကြီးက FLV file တွေကို Windows Media Player ထဲမှာ လူတစ်ချို့ဖွင့်ကြည့်နေတယ်လို့ပြောတယ်။ အဲ့ဒါနဲ့ ဘယ်လိုဖွင့်ရင်ရမလဲလို့ Online ပေါ်တက်ရှာလိုက်တော့ သွားတွေ့တယ်ဗျာ တစ်ခုခုတွေ့ရင် အငြိမ်မနေတတ်တယ့် မူကြောင့် ဒီ Post လေးကိုတင်ပေးလိုက်တာပါ။ မသိသေးတယ့်လူတွေအတွက်ပါ။ PlayFLV ကို Download လုပ်ပြီး Install လုပ်လိုက်ယုံပါပဲ။ Install လုပ်တယ့် တစ်ချိန်တော့ Computer က Internet Connection ရှိမှတော့ ရပါလိမ့်မယ်။
Posted by: Mandalar.Net on: October 10, 2009
သူငယ်ချင်းတစ်ယောက်က English-Myanmar Dictionary တစ်ခုလောက်လိုချင်တယ်ဆိုလို့ ကျွန်တော့မှာရှိတယ့် Babylon Dictionary ကိုတင်ပေးလိုက်ပါတယ် ဒီ Dactionary လေးက အသုံးပြုရတယ့်နေရာမှာ တော်တော်လေးကောင်းမွန်တာကို တွေ့ရပါတယ်။ Babylon ကို မြန်မာလိုအသုံးပြုလို့ရအောင် ဆောင်ရွက်ပေးထားတယ့် ပဒုမ္မာ ကိုလဲကျေးဇူးတင်ပါတယ်။ အပြည့်အစုံသိချင်ရင်တော့ Babylon Dictionary Official Site ကို သွားကြည့်လို့ရပါတယ်။ စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ ဒီနေရာကနေ Download လုပ်ပါ။ ……………………………………………………………………………………………………………………………… Download ဆွဲပြီးရင်တော့ရလာတယ့် Babylon Pro V.7.0.3.8.rar file ကိုဖြန့်ချလိုက်ပါ။ RAR file ထဲမှာ Setup.exe, Patch 7.0.3.8.exe, padonma-english-myanmar.bgl ရယ်ဆိုရယ်ဆိုပြီး file တွေကိုတွေ့ရပါလိမ့်မယ်။ှု ပထမဦးစွာ Setup.exe ကို double-click လုပ်ပြီး [...]
Posted by: Mandalar.Net on: October 2, 2009
Driver နဲ့ပတ်သက်တယ့်အခက်အခဲတွေ ပြေလည်စေဖို့အတွက် Driver Checker ဆိုတယ့် Software လေးတစ်ခုကို Shared လုပ်လိုက်ပါတယ်။ Driver Checker Software ကတော့ Install လုပ်စရာမလိုတယ့် Portable Software အမျိုးအစားပါ။ ဒါကြောင့် Double-Click နှိပ်ပြီး တိုက်ရိုက်အသုံးပြုလို့ရပါတယ်။ Driver Checker မှာအသုံးပြုလို့ရတယ့် အချက်တွေကတော့ မိမိ Computer ရဲ့လက်ရှိ Driver တွေကို Update ပြုလုပ်နိုင်ခြင်း၊ Uninstall ပြုလုပ်နိုင်ခြင်း၊ Backup ပြုလုပ်နိုင်ခြင်း၊ Backup ပြုလုပ်ထားတယ့် Driver တွေကို Restore ပြန်လုပ်နိုင်ခြင်း တို့ကိုပြုလုပ်နိုင်ပါတယ်။ အပြည့်အစုံသိချင်ရင်တော့ Driver Checker Official Site ကို သွားကြည့်လို့ရပါတယ်။ စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ ဒီနေရာကနေ Download [...]
Posted by: Mandalar.Net on: October 1, 2009
CCProxy ဆိုတယ့် Proxy Software တစ်ခုကိုဝေမျှလိုက်ပါတယ်။ CCProxy ကို Internet Connection Sharing လုပ်တယ့်နေရာမှာ အသုံးပြုလို့ရတယ့် Third Party Proxy Software တစ်ခုဖြစ်ပါတယ်။ CCProxy Software ဟာ အသုံးပြုရာမှာ အလွန်လွယ်ကူတယ့် Software တစ်ခုဖြစ်ပါတယ်။ CCProxy ကို HTTP, mail, FTP, SOCKS, news and telnet Proxy server အနေနဲ့အသုံးပြုနိုင်ပါတယ်။ CCProxy ကိုအသုံးပြုပြီးတော့ account management, Internet access control, bandwidth control, Internet web filtering, content filtering နဲ့ time control စတာတွေကိုအသုံးပြုလို့ရပါတယ်။ CCProxy [...]